Saturday, November 19, 2011

Write-Protected Error

Write-Protected Error ကို ကွန်ပျုတာ အသုံးပြုနေတဲ့သူတော်တော်များများ ကြုံတွေ့ဘူးကြလိမ့်မယ်လို့ ထင်ပါတယ်။ USB တွေ သွင်းလိုက်တဲ့အခါ အများဆုံး ဖြစ်တာပါ။ Write-Protected Errorက USB ကို ကွန်ပျုတာမှ သွင်းလိုက်ပြီး ဘာမှ ကူးလို့မရ ဘာမှလုပ်မရတဲ့ အခါမှာ တက်လာတဲ့ Error Message ပါ။ ဒီလို အခက်တွေ့လာပြီဆို အောက်မှာ ပေးထားတဲ့ နည်းလမ်းလေးကို အသုံးပြုကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ * Run ( Windowkey+R ) မှာ regedit ကို ရိုက်ထည့်ပြီး Enter (or ) OK ပေးလိုက်ပါ။ Registry Editor တက်လာပါလိမ့်မယ်။ * HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ထိရောက်အောင်သွားလိုက်ပါ။
* Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကို ရွေးလိုက်ပါ။ အမည်ကို StorageDevicePolicies လို့ ပေးလိုက်ပါ။
* StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click ထောက် New ကနေ DWORD ကို Click ပေးပြီး အမည်ကို WriteProtect လို့ပေးလိုက်ပါ။
* WriteProtect မှာ Double click ( or ) Right Click ထောက် Modify ကနေ Value ကို 0 ထည့်ပေးလိုက်ပါ။အပေါ်က နည်းလမ်းတွေအတိုင်းပြုလုပ်ပြီးရင် Registry Editor ကို ပိတ်ပြီး USB ကို ပြန်သွင်းပြီး အသုံးပြုကြည့်ပါ။Write-Protected Error ကြောင့်စိတ်ညစ်နေရတဲ့သူငယ်ချင်းတွေ စိတ်ချမ်းသာကြပါစေ။ ဆိုဒ်တစ်ခုမှရသည်ကိုပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။